ကျိုက်လတ် စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး လိုက်လံ အသိပေးနှိုး ဆော်မှုအား ယနေ့ နံနက် ၉နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များနှင့်မြို့မ ဈေးကြီးအတွင်းအသိပညာပေး နှိုးဆော်လျက်ရှိကြောင်းသိရသည်။
ထိုသို့ အသိပညာပေးလိုက်လံနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ခံရေးဉီးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်း၌သာနေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့်အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်၊ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်အခြားသူများနှင့်အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောရန်နှင့်မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ရန်၊ အပြင်ထွက်ရာမှပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန် ကိုဗစ်-၁၉ ရောဂါကို လျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် Hand speakerများဖြင့် လှည့်လည်၍ တိုက်တွန်းနှိုးဆော် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအခြေအနေမှာ စက်တင်ဘာလ ၁၇ရက်နေ့အထိ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်းမှာ (၄၀၅)ဦးရှိပြီးပြန်လည်ကျန်းမာလာသူ စုစုပေါင်း(၃၃၃)ဦး၊ ပိုးတွေ့လူနာသေဆုံးသူပေါင်း(၆၂)ဦး၊ကုသဆဲလူနာ(၁၀)ဦးရှိကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရှိရသည်။
ဌေးဌေးလှိုင်