သံတွဲ စက်တင်ဘာ ၁၇
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm 1/ 5dose(BIBP) အမျိုးအစားကို သံတွဲမြို့နယ် အတွင်းရှိ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ ဒွါရာဝတီ မြို့နယ်ခန်းမနှင့် သက်ဆိုင်ရာကျန်းမာရေးဌာန အပါအဝင် ဆေးထိုးစင်တာ ၁၀ခုတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှံရာ ပထမနေ့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၉၀၂)ဦး၊ သာသနာ့ဝန်ထမ်း(၁၄)ဦး၊ အသက် ၅၅နှစ်မှ ၆၄နှစ်အထိ (၁၉၄၅)ဦး၊ မသန်စွမ်းသူ (၃၀)ဦး၊ နာတာရှည်နှင့် မကူးစက်ရောဂါရှိသူ (၁၆၅)ဦး စုစစုပေါင်း ၃၀၅၅ ဦးတို့အား ထိုးနှံပေးခဲ့ရာ ဆေးအလုံးပေါင်း (၆၁၁)လုံး သုံးစွဲခဲ့ကောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၁၁ ရက်နေ့ထိ ထိုးပေးသွားမည်ဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ ခရိုင်ဆရာဝန်ကြီး ဒေါတ်တာရဲဝင်းထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)