သံတွဲမြို့နယ် မြို့ချောင်းကျေးရွာရှိ အိမ်ခြေ(၄၄)အိမ်အား စားနပ်ရိက္ခာများလှူဒါန်း

သံတွဲ စက်တင်ဘာ ၁၇

သံတွဲမြို့နယ် မြို့ချောင်းကျေးရွာရှိ အိမ်ခြေ(၄၄)အိမ်အား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေချိန် ကာအအတွင်း စားသောက်မှု အဆင်ပြေစေရေးအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်က သံတွဲမြို့မှ ပရဟိတအဖွဲ့များက ဦးဆောင်၍ အဆိုပါကျေးရွာသို့ သွားရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရခြင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှ အလှူရှင်များ စုပေါင်း၍ အိမ်ထောင်စု ၁၅၀ စာ လှူဒါန်းသည့် ဆန်၊ ဆီ ၊ကြက်သွန်၊ ကြက်ဥတို့အား သံတွဲမြို့မှ ပရဟိတအဖွဲ့များက ဦးဆောင်၍ လက်လုပ်လက်စား အိမ်ထောင်စုများသို့ လှူဒါန်းခဲ့ရာမှ ကျန်ရှိနေသော ဆန်(၁၅)အိတ်အား တစ်အိမ်ထောင်လျှင် ၃ ပြည်နှုန်းဖြင့် အိမ်ခြေ(၃၀)အတွက် လည်းကောင်း၊ ငပလီမြို့မှ ဦးဖိုးရီအောင်+ဒေါ်တင်စန္ဒာမိသားစုမှ ငွေကျပ် ၂သိန်းတန်ဖိုးရှိ ဆန်အိတ်ကြီး ၂အိတ်၊ ဆီ ၅၀ကျပ်သားဗူး ၄၄ ဗူး၊ ကြက်သွန် ၁၇ ပိသာ၊  ကြက်ဥအလုံး ၂၂၀  လုံး နှင့် စိန်စတိုးပိုင်ရှင် ကိုစိန်ချစ်+မခင်နှင်းဖြူမိသားစုမှ လှူဒါန်းသည့် အိမ် ၄၄ အိမ်အတွက် ခေါက်ဆွဲခြောက် အထုပ်(၄၄၀)တို့ကို သံတွဲမြို့ရှိ ပရဟိတစေတနာရှင်များက ဦးဆောင်၍ သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)