ကျိန္တလီ စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့အတွင်းရှိ ကျေးရွာအုပ်စုများမှ ဘုန်းတော်ကြီးကျောင်းများရှိ ဝါတွင်းကာလ သီတင်းသုံးလျက်ရှိသည့် သံဃာတော်များ၊ လူပုဂ္ဂိုလ်(ကပ္ပိယ)များကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အမှတ်(၁)ရပ်ကွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ အခမဲ့စစ်ဆေး ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းနှင့် ကျိန္တလီမြို့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာအောင်ခင်ထွေးတို့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ကျိန္တလီမြို့အတွင်းရှိ ဝါဆိုသံဃာတော်(၈)ပါးနှင့် လူပုဂ္ဂိုလ် (ကပ္ပိယ)(၅)ဦးတို့အား Rapid Diagnostic Test (RDT) ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ အခမဲ့စစ်ဆေး ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း ကျိန္တလီမြို့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
ခိုင်မိုးမင်း(ပြန်/ဆက်)