အမာမြို့၌ အသက် (၅၅)နှစ်မှ (၆၄)နှစ်အတွင်း မိဘပြည်သူများကို ကိုဗစ်ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိ

 

အမာ    စက်တင်ဘာ    ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ယနေ့ နံနက်() နာရီက အမာမြို့ အထကကျောင်းတွင် သတ်မှတ်ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၅၅)နှစ်မှ (၆၄)နှစ်အတွင်း မိဘပြည်သူများ၊ အသက်(၆၅)နှစ်အထက် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် မိဘပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို ကိုဗစ်ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ အမာမြို့မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး ဦးဆောင်သော မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်း၊ နယ်မြေရဲစခန်းမှူး၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စနစ်တကျ ဆေးထိုးနိုင်ရန်ကူညီဆောင်ရွက်ပေး ခဲ့ကြောင်းသိရှိရသည်။

အမာ (ပြန်/ဆက်)