ဇလွန် စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်း ချုပ်ခြင်းလုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများကာကွယ်ဆေးထိုးနှံနိုင်စေရေး ဆောင်ရွက်ပေး လျက်ရှိရာ ဇလွန်မြို့နယ်တွင် အသက်( ၅၅) နှစ်နှင့်အထက်ပြည်သူများနှင့်မသန်စွမ်းသူများအားကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ကို အ.ထ.က ( ၁ )ဇလွန် တွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်မှစ၍ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အ.ထ.က(၁)ဇလွန်တွင် မြို့နယ်သစ်တောဦးစီးမှူးဦးမြင့်သူ ၊မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ လေးမွန်ကြည်တို့မှ ကြီးကြပ်ပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်စည်းကမ်းများနှင့် အညီ ဆောင်ရွက်လျက်ရှိပြီး တပ်မတော်သားများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ပရဟိတအဖွဲ့များက ပူးပေါင်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)