ဒေးဒရဲ စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက် ၅၅ နှစ်နှင့် အထက် ပြည်သူများ၊ နာတာရှည်ရောဂါ ခံစားနေရသူများနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ အမှတ်(၁)ရပ်ကွက် အထက -၁ ကျောင်းဝန်းအတွင်းရှိ ကရဝိတ်ခန်းမ၌ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်းဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုး နှံခြင်းမပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ ကိုဆောင်ရွက်ပေး ကာပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်(၃) ရပ်ကွက်ရှိ အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများနာတာရှည် ရောဂါခံစားနေရသူများ နှင့် မသန်စွမ်းသူများအား ယမန်နေ့ မှစ၍ နံနက် ၉ နာရီမှ ညနေ ၃နာရီထိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဒေးဒရဲမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု(၉၀)အုပ်စုတို့တွင် ယမန်နေ့မှစ၍ သက်ဆိုင်ရာတိုက်နယ်အုပ်စု၊ ကျေးရွာကျန်းမာရေးဌာနတို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း/ပြန်ဆက်