ရွှေကျင်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကာကွယ်ဆေး ထိုးနှံပေး

ရွှေကျင် စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၅၅)မှ(၆၅)ကြား အဖိုးအဖွားများ၊ မသန်စွမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကို ယနေ့နံနက်၁၀ နာရီအချိန်မှစ၍ (၄)နေရာခွဲကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စစ်ဗျူဟာ(အခြေချ)(ရွှေကျင်) အမှတ်(၈) တပ်မတော်ဆေးရုံကုတင် (၂၅) ဆန့်ဆေးရုံမှ ပါရဂူ သူနာပြုအရာရှိများ၊ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွှေကျင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၅၅)မှ(၆၅)ကြား အဖိုးအဖွားများ၊ မသန်စွမ်းများအား (၁)၊ အားကစားခန်းမ (၂)၊ ကုတင်(၁၀၀)ဆေးရုံ (၃)၊ အနောက်ဘက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး (၄)၊ တောင်ဘက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးလျှက်ရှိသည်။  

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ မှ ဆေးထိုးနှံနေမှုများကို ကွင်းဆင်းကြည့်ရှု၍ အားပေးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထွန်းထွန်းဇော်