မအူပင်မြို့နယ်တွင် အသက်(၅၅)နှစ်အထက် ဘိုး/ဘွားများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ဆေးထိုးနှံ

မအူပင် စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသက်(၅၅)နှစ်အထက် သက်ကြီး ဘိုး/ဘွားများအား ကိုဗစ်-၁၉ ရောဂါဖြစပွားမှုလျော့ချနိုင်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက စတင်ကာ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက် လျှက်ရှိရာ မအူပင်မြို့နယ်တွင် အသက်(၅၅)နှစ်အထက် အသက်ကြီးဘိုး/ဘွားများအား ပထမဦးစားပေးအနေဖြင့် ကာကွယ်ဆေးအလုံးရေ (၂၀၀၀)လူဦးရေအားဖြင့် (တစ်သောင်း) ကာကွယ်ဆေးထိုးနိုင်ကြောင်းသိရသည်။

အောင်မြင့်မြတ် (မအူပင်)