မအူပင်မြို့၌ စျေးများနှင့် လိုင်စင်ထုတ်ပေးထားသော စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များတိကျစွာ လိုက်နာရေး နှိုးဆော်

မအူပင်  သြဂုတ်  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ သြဂုတ်လ ၁၃ ရက် ကြေညာချက်အမှတ် ၂၃/၂၀၂၀အရ အများပြည်သူသိရှိရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိစျေးများ လိုင်စင်ထုတ်ပေးထားသည့် စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင် များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ တိကျစွာလိုက်နာဆောင်ရွက်ကြရန် ယနေ့နံနက် ၉ နာရီက လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သြဂုတ်လ ၆ ရက် ရက်စွဲပါစာအမှတ် ၇၀၀/၇၁/၁၄၁၇ အစိုးရဧရာဝတီနှင့် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ သြဂုတ်လ ၈ ရက်ရက်စွဲပါ စာအမှတ် ၄၃၃၇/ဂ-၁၈-ဝ၂ဝ အရ မအူပင်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း လိုင်စင်ထုတ်ပေးထားသော စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ အဖွဲ့ပိုင်စျေးများ၊ ပျံကျစျေးများ တွင် ရောင်းဝယ်ဖောက်ကား စားသောက်လျက်ရှိသော စျေးရောင်းစျေးဝယ် စားသုံးသူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ရန်နှင့် လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လိုက်လံနှိုးဆော် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အောင်ခိုင် (မအူပင်)