ဆိပ်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေးစီမံဆောင်ရွက်ထားမှုများ ကွင်းဆင်းစစ်ဆေး

ဆိပ်ဖြူ   ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာ အထက်အဆင့်ကျောင်းသား/ကျောင်းသူများအား ဖွင့်လှစ် သင်ကြားပေး လျှက်ရှိသည့် ကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စီမံဆောင်ရွက် ထားရှိသောလုပ်ငန်း ရပ်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး အတွက်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့က ပူးပေါင်းကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ပညာရေးဝန်ကြီးဌာနတို့က  ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက်    ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိရေးနှင့် ရောဂါထိန်းချုပ် ကာကွယ်နိုင်ရန်  လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများကို ထုတ်ပြန်ထားပေးခဲ့ သည်။

ထို့သို့ထုတ်ပြန်ထားရှိသော လမ်းညွှန်ချက်များ နေ့စဉ် ပညာရေးဌာနမှ ဆရာ/ဆရာများနှင့် မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ကျေးလက်ကျန်းမာရေး ဌာနကဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများ ပညာသင် ကြားရာတွင် ကျန်းမာရေး စစ်ဆေးခြင်း ၊စနစ်တကျလက်ဆေးခြင်း၊စွန့်ပြစ်ပစ္စည်းများ စနစ်တကျ စွန့်ပြစ်ရေး ၊ကျောင်းဝန်းသန့်ရှင်းရေးများအပြင် ၊ မိုးရာသီကာလ ဖြစ်သည့်အတွက် ကျောင်းသား/ကျောင်းသူများ ခြင်ကြောင့်ဖြစ်ပွားနိုင်သည့် ရောဂါများမဖြစ်ပေါ်စေရန် ရေတွင်းရေကန်များကို ဖုံး ၊သွန် ၊လဲ ၊စစ်လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဆိပ်ဖြူမြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၃၇)ကျောင်းဖွင့်လှစ်ထားရှိပြီး အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၃၉၅၈ ဦး တို့က ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိကြောင်း သိရှိရသည်။ 

ကိုဇွဲ(အညာမြေ)