ပေါက်မြို့နယ်၌ ကျောချောင်းအတွင်း စိုက်ထူထားသော လျှပ်စစ်ဓါတ်တိုင် ယိမ်းယိုင်လျက်ရှိ

ပေါက် စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ယမန်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောချောင်းရေများ တဟုန်ထိုးစီးဆင်းလာပြီး  ရေစီး​အရှိန် ပြင်းထန်မှု​​ကြောင့် ပေါက်​မြို့​ပေါ်​နှင့် ကျေးရွာများသို့ လျှပ်စစ်သွယ်တန်းထားသော ဓါတ်တိုင် ယိမ်းယိုင်လျက်ရှိ​​ကြောင်း မြို့နယ်စစ်မှူးရုံးမှ သိရသည်။

အဆိုပါ ကျောချောင်းအတွင်း ယိမ်းယိုင်မှု​ဖြစ်ပွားနေသော လျှပ်စစ်ဓာတ်တိုင်အား အချိန်နှင့်တပြေးညီ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်ဆင့်နှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြပြီး ကျောချောင်းရေ ပြန်လည်လျော့နည်းသွားချိန်တွင် ​ပြန်လည်ပြုပြင်​​​ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာက ပြောသည်။

ပေါက်မြို့နယ်တွင် ချောင်းမြောင်းအလွန်ပေါများသည့် အရပ်ဒေသတစ်ခုဖြစ်သောကြောင့် မိုးတွင်း  ကာလ၌ သဘာဝဘေးဒဏ် အမျိုးမျိုးကို ကြုံတွေ့ရကြောင်း သိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)