သာယာဝတီမြို့နယ်၌ ပန်းခင်းစီမံချက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

သာယာဝတီ စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးထွန်း၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးဦးစန်းထူး ဦးဆောင်သော ခရိုင်နှင့်မြို့နယ်ရုံး ဝန်ထမ်းများက "လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့" ပန်းခင်း စီမံချက်ဆောင်ရွက်မှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အတွက် ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းများကို ယနေ့ နံနက် ၈ နာရီက သာယာဝတီမြို့မဈေး၊ သုံးဆယ်မြို့မစျေးတို့တွင် အခမဲ့ လိုက်လံ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း  "ပန်းခင်း" စီမံချက်ဆောင်ရွက်မည့် လုပ်ငန်းလုပ်ငန်း (၄)ရပ်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သော အထောက်အထားများ၊ အိမ်ထောင်စု လူဦးရေစာရင်း စိစစ်အတည်ပြု ထုတ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းအတွက် လိုက်နာရမည့်အချက်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ ပါဝင်ပြီး မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး နှင့်ခရိုင်နှင့် မြို့နယ်ရုံးဝန်ထမ်းများက လက်ကမ်းစာစောင် စောင်ရေ (၂၀၀၀)ကို ပြည်သူများ သိရှိလေ့လာဖတ်ရှုနိုင်ရေး အခမဲ့လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန့်ဇော်