နတ်မောက် စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး မှ ဦးစီးအရာရှိ ဦးမျိုးတင့်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက် (၁၁) နာရီ အချိန်ခန့်က နတ်မောက်မြို့နယ် ဆုံမကျီးပင်ကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နတ်မောက်မြို့နယ် ဆုံမကျီးပင်ကျေးရွာ၌ ၃(က) ဖြင့်နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်သူ ကျား(၉) ဦး၊ မ(၂) ဦး ၊ ၆(က) ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ ကျား(၁)ဦး ၊ မ(၁) ဦး စုစုပေါင်း (၁၃) ဦး ပြုလုပ်ပေးခဲ့သည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက နတ်မောက်မြို့နယ် အတွင်းရှိဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေးစာရင်းနှင့် အသက် (၁၀) နှစ်ပြည့် ၊ အသက် (၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း ၊ လဲလှယ်ပေးခြင်း ၊ပျက်စီး၊ ပျောက်ဆုံး သူများကို မိတ္တူပြုလုပ်ပေးခြင်းများကိုကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းကာ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးထံမှသိရသည်။
လှဝင်း