မောင်တော စက်တင်ဘာ ၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၆၅)နှစ် နှင့် အထက် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးကို စက်တင်ဘာ ၅ ရက်နေ့တွင်လည်း သတ်မှတ်နေရာများတွင် လူမျိုးဘာသာမရွေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက်ထိုးနှံသည့် အသက်(၆၅)နှစ် နှင့်အထက် ပြည်သူများ နှင့် ဦးစားပေး အစီအစဉ်တွင် ပါဝင်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောက်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်များတွင် အသက် ၆၅ နှစ်နှင့် အထက် ပြည်သူ များ အား လူမျိုးဘာသာမရွေး Sinopharm အမျိုးအစား ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် ထိုးနှံပြီးစီးသူ စက်တင်ဘာ (၁) ရက်နေ့တွင် (၆၆၅)ဦး ၊ စက်တင်ဘာ(၂)ရက်နေ့တွင် (၆၀၃)ဦး ၊ စက်တင်ဘာ(၃)ရက်နေ့တွင် (၃၃၀)ဦး နှင့် စက်တင်ဘာ (၄)ရက်နေ့တွင် (၃၄၀)ဦး စုစုပေါင်း (၁၉၃၈) ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ် ဆေး ထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာ (၁)ရက် နေ့မှ စက်တင်ဘာ (၉) ရက်နေ့ထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)