ပေါင်မြို့သို့ Oxygen Plant စက်သစ်ကြီး ရောက်ရှိ

ပေါင်      စက်တင်ဘာ

 

ပေါင်မြို့နယ် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီ၏ ဦးဆောင်စီစဉ်မှုဖြင့် ယနေ့ နံနက် နာရီခွဲက ပေါင်မြို့ပြည်သူ့ဆေးရုံကြီးသို့ UK Made ကျပ်သိန်း (၁၃၅၀)တန် Oxygen Plant စက်သစ်ကြီး ရောက်ရှိလာပြီဖြစ်ပြီး ()ရက်အတွင်းအပြီး တပ်ဆင်သွားမည်ဖြစ်ကာ မကြာမီရက်ပိုင်းအတွင်း Oxygen များ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်တော့မည်ဖြစ်သည်။

 

အဆိုပါ Oxygen Plant စက်သစ်ကြီးအား ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် လူနာများနှင့် အောက်ဆီဂျင် လိုအပ်သည့်လူနာများ အသုံးပြုနိုင်ရန် မြို့နယ်အတွင်းရှိ အလှူရှင်များနှင့် ရပ်ဝေးရပ်နီး အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် Oxygen Plant စက်သစ်ကြီးသည် တစ်နာရီလျှင် (၄၀)လီတာအိုး အလုံး()လုံး ထွက််ရှိမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် လူနားများနှင့် အောက်ဆီဂျင် လိုအပ်သည့် လူနာများ အသုံးပြုနိုင်ရန် အခမဲ့ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီ ထံမှ သိရသည်။

 

ဝဏ္ဏမောင်