ကျောက်ထု ဩဂုတ် ၁၃
ကျောက်ထု-မင်းတပ် မော်တော်ကားလမ်းမှ ကံကြီး-ပြင်လယ်-တောင့်ထက်-ရေရှင်ကျေးရွာအုပ်စု ရွာချင်းဆက်လမ်းတွင် မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများအား ၂၀၁၉-၂၀၂၀ ဘဏ္ဌာရေးနှစ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ကံကြီးကျေးရွာအုပ်စုမှ ရေရှင်ကျေးရွာအုပ်စုအထိလမ်းအရှည်မိုင် (၂)မိုင် (၄) ဖာလုံ လမ်းအကျယ် (၁၈)ပေအား မကွေးတိုင်းဒေသကြီး ငွေလုံးငွေရင်းသန်းပေါင်း(၆၀)ဖြင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်မှုများအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ ဂန့်ဂေါခရိုင် တည်ဆောက်ရေး လုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့် ဂန့်ဂေါခရိုင်ကျေးလက်လမ်း ဖွံဖြိုးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မင်းနှင့် ဆောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်းတို့က လမ်းလုပ်ငန်းဆောင်ရွက်မှုများကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးကြကြောင်း နှင့် လုပ်ငန်းဆိုင်ရာများ ဆွေးနွေးကြကြောင်း သိရသည်။
မောဟေမာန် (ပြန်ဆက်)