ကျိုက်လတ်မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများနှင့်မြို့ပေါ်ရပ်ကွက်များရှိပြည်သူများအဆင်ပြေစေရေးအတွက်‌ရွှေလဝင်းရွှေဆိုင်မိသားစုမှဆန်များလှူဒါန်း

ကျိုက်လတ် ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်ရှိဘုန်းတော်ကြီးကျောင်းများနှင့် မြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများ အဆင်ပြေစေရေးအတွက် ရွှေလဝင်း ရွှေဆိုင်မိသားစုမှ ဆန်များလှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်းများ၊ ရပ်ကွက်များအရောက် ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လှူဒါန်းရာတွင် အလှူရှင်ရွှေလဝင်းမိသားစုမှ ကွယ်လွန်သူ(ဦးဆယ်လီ)အား ရည်စူး၍   ဒွါရကျောင်း၊ မစိုးရိမ်ကျောင်း၊ ဓမ္မိကာရုံကျောင်း၊ သုခမေတ္တာလူမှုရေးအသင်း၊ ရေကြည်တော်လူမှုရေးအသင်းများသို့ အလှူတော်ငွေ၁သိန်းစီ၊ ဘုန်းတော်ကြီးကျောင်း ၁၀ကျောင်းအတွက် ဖျာပုံဘေးကြားဆန် ၁ အိတ်စီ၊ အမှတ်၅ရပ်ကွက်ရှိ အိမ်ထောင်စု ၅၀၀အတွက် ဆန် ၁ ပြီစီနှင့် ငွေစက္ကူကံစမ်းမဲများ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်