မြောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းနှင့် (Mask) များဖြန့်ဝေ

မြောင်   ဩဂုတ်  ၂၆

စစ်ကိုင်းခရိုင်၊ မြောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေး အတွက် ပြည်သူများအား (Mask)များကို အခမဲ့ ဖြန့်ဝေမှုနှင့် အသိပညာပေးခြင်းများကို ယနေ့နံနက် (၇)နာရီက မြို့မဈေးနှင့် မြောင်- ပရိမ္မ ကားလမ်းတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဉီးကျော်ဇင်ထွန်း ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီး ရေးရာအသင်းဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဖွဲ့များက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့်(Mask)များကို အခမဲ့ဖြန့်ဝေမှု ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေငြာချက်များကိုလည်း အချိန်နှင့်အညီ ပြည်သူများ သိရှိလိုက်နာစေရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများကိုလည်း အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)