ဇလွန် သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးအတွက် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းသောအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဇလွန်မြို့နယ်ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း လိုအပ်နေသောပြည်သူများ အထောက်အပံ့ဖြစ်စေရန် လှူဒါန်းခဲ့သည့် အလှူရှင်များအား ကျေးဇူးတင် စကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း ၊ အတွင်းရေးမှူးရဲမှူးဝင်လွင် ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်လွင်ဦးနှင့် တာဝန်ရှိသူ များက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် အလှူငွေနှင့် ပစ္စည်းများလှူဒါန်းသော အလှူရှင် (၆၉)ဦးအားဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ ကြောင်းသိရသည်။
ဝေယံ