ဝေါမြို့အတွင်းရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံရသူ (၄၂၉) ဦးအား အာဆီယံအပေါင်းသုံးနိုင်ငံ၏ အရေးပေါ်ဆန်ရိက္ခာထောက်ပံ့လှူဒါန်း

ဝေါ    သြဂုတ်  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ဝေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀) နာရီအချိန်က ဝေါမြို့နယ် (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အာဆီယံအပေါင်းသုံးနိုင်ငံ၏ အရေးပေါ်ဆန်ရိက္ခာအဖွဲ့ အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီးအတွက် ထောက်ပံ့ငွေ (၁၂၄၀၃၀၀၀) ကျပ် ခွဲဝေရရှိပါသည်။

ရောဂါကူးစက်ခံရသူများနှင့် ၎င်းတို့၏မိသားစုဝင်များနှင့် အချိုးချတွက်ချက်မှုအရ ပဲခူးခရိုင်အတွက် ဆန်အိတ် (၂၅၀၀) ခန့်လိုအပ်သည့် ဆန်အိတ်အရေအတွက်ရရှိခဲ့ပြီး ဝေါမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကပ်ရောဂါဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံပြည်သူများနှင့် ၎င်း၏မိသားစုဝင် (၄၂၉)ဦး အတွက် ရရှိသော ဆန်အိတ် (၂၄၈) အိတ်အား ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအောင်မိုးလွင်နှင့် မြိုနယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလွင်တို့က ဝေါမြို့အတွင်းရှိ ကိုဗစ်-၁၉ ကပ်ရောဂါဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံပြည်သူများနှင့် မိသားစုအာဆီယံအပေါင်းသုံးနိုင်ငံ၏ အရေးပေါ် ဆန်ရိက္ခာ ထောက်ပံ့လှူဒါန်းရခြင်း ရှင်းလင်းပြောကြားပြီးနောက် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ မိသားစုတစ်ဦးအား ဆန်(၁၃.၈၇)ပြည်ခန့်အား ကိုဗစ်ကူးစက်ခံရသူ(၄၂၉)ဦးအတွက် အာဆီယံ အပေါင်းသုံးနိုင်ငံ၏ ထောက်ပံ့ဆန်များ  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်ဆက်)