ကံမ ဩဂုတ် ၂၃
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အမှတ်(၄)ရပ်ကွက် ကွမ်းခြံလမ်းသွယ် (၁)ရှိမြေသားရေမြောင်းအဖြစ်မှ အုတ်စီရေမြောင်းအဖြစ် မြို့ပတ်လမ်းမှ စာသင်ကျောင်းအထိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်ခဲ့သောကွန်ကရစ်လမ်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ် ၁၆၀ သိန်းဖြင့် ရေမြောင်း အရှည်ပေ ၅၀၀ ၊ အကျယ်၂ ပေနှင့် အနက် ၄ ပေအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယခင်က မြေသားရေမြောင်းဖြစ်ပြီး မိုးရာသီကာလ၌ ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်း အဖြစ်အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲထံမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)