စေတုတ္တရာ ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လများ ဩဂုတ်လ (၂၃)ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးများ ဖြစ်ပေါ်စေရေး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ပင်စင်စားမိဘပြည်သူများအား သတ်မှတ်ရက်များဖြင့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားပင်စင်လစာများ ထုတ်ပေးမှုနှင့်ပတ်သက်၍ မြို့နယ်စီးပွားရေးဘဏ်မှ တာဝန်ရှိသူက အငြိမ်းစားပင်စင်လစာကို ဩဂုတ်လ၂၃ရက်နေ့မှစတင်၍ ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ပင်စင်လစာ များ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေး လူစုလူဝေးများမဖြစ်ပေါ်စေရေးအတွက် မြို့ပေါ်အမှတ်(၁) ရပ်ကွက်မှ ပင်စင်စားမိဘပြည်သူများ၊ အမှတ်(၂)ရပ်ကွက်မှ ပင်စင်စားမိဘပြည်သူများနှင့် ကျေးရွာ များမှ ပင်စင်စားမိဘပြည်သူများအား သတ်မှတ်ရက်များအလိုက် ထုတ်ပေးခြင်းဖြစ်ကြောင်းနှင့် သတ်မှတ်ရက်များတွင် လာရောက်မထုတ်ယူနိုင်သော ပင်စင်စားမိဘပြည်သူများအား နောက်ပိုင်း ရုံးချိန်များအတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်စားလစာများကို ဩဂုတ်လ(၂၃) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဘဏ်တွင်းသို့မဝင်မှီ စနစ်တကျ လက်ဆေးစေခြင်း၊ နှာခေါင်းစည်း(Mask) များ တပ်ဆင်ပြီးမှသာ ဝင်ရောက်စေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေထိုင်စေရေး အတွက် စနစ်တကျ သတ်မှတ်ကာ ထိုင်ခုံများချထားပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်ပေါက်(ပြန်/ဆက်)