ဂန့်ဂေါ ဩဂုတ် ၂၃
ဂန့်ဂေါမြို့၊ အမှတ်(၁)ရပ်ကွက် အားမန်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်က ယနေ့နံနက်တွင် အသင်းသားများထံ အခြေခံစားကုန်များ အိမ်တိုင်ရာ ရောက်ထောက်ပံ့ပေးအပ်သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အသင်းသားတစ်ဦးလျှင် ဆန်(၈)ပြည်နှင့် ဆီ(၁) ပိဿာ၊ တန်ဖိုးအားဖြင့်(၁၇၅၀၀)ကျပ်ကို သမဝါယမအသင်းသား (၉၆)ဦးအတွက် ထောက်ပံ့ခြင်းဖြစ် ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့လှူဒါန်းခြင်းနှင့်ပတ်သက်၍ “ အသင်းအမှုဆောင်အဖွဲ့အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကရရှိတဲ့ အမြတ်ငွေမှ ကိုဗစ်ကာလအတွင်း အသင်းသားများ စားနပ်ရိက္ခာ အဆင်ပြေစေရန်အတွက် ဆန် (၄၈) တင်းနှင့် ဆီ(၉၆)ပိဿာ၊ တန်ဖိုးအားဖြင့် (၁၆၈၀၀၀၀) ကျပ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အသင်းသားများ၏ အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့တယ်” လို့အသင်းဥက္ကဋ္ဌ ဦးမျိုးသောင်းက ပြောသည်။
ထင်အောင်နိုင်