ဒေးဒဲမြို့နယ်၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

 

ဒေးဒရဲ ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်း များ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့်အညီ ယနေ့နံနက် ၇နာရီခွဲမှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသောရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၇နာရီခွဲမှ မွန်းလွဲ ၂နာရီထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့်ဒေးဒရဲမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းပင်စင်လစာထုတ်ယူမည့်သူ စုစုပေါင်း(၁၀၁၆)ဦးရှိကြောင်း သိရသည်။

အေဇာလင်း