နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

 

                     နတ်မောက်  သြဂုတ်    ၂၃

မကွေးတိုင်းဒေသကြီး ၊နတ်မောက်မြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ နတ်မောက်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ယမန်နေ့ နံနက် (၇)နာရီ အချိန်ခန့်က စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့သည်။

ထိုသို့ စုပေါင်းသန်းရှင်းရေးများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာမောင်မောင်ချင်းနှင့် ကျန်းမာရေးဝန် ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမင်းသူ နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးဌေးမော် နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးသိန်းဌေးနှင့်ဝန်ထမ်းများ၊ မြို့ပေါ် (၇)ရပ်ကွက်ရှိ ရပ်ကွက် အုပ်ချူပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၁၀) ဦးခန့်က ဆေးရုံဝန်းအတွင်း အမှိုက်သရိုက်၊ ခြုံနွယ်များခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများအတွင်း ပိတ်ဆို့နေသောအမှိုက်များ ရှင်းလင်းခဲ့ကြသည်။

နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများထားရှိပြီး ဆေးကုသမှုခံ ယူစေခြင်းအပါအဝင် အခြားသောရောဂါအမျိုးမျိုးတို့ကြောင့် ဆေးကုသမှုခံယူသည့်လူနာများဖြင့် များပြားလျှက်ရှိရာ ထိုလူနာများအား ဆေးကုသပေးနေသည့် ဆရာဝန်/မများ ၊သူနာပြုဆရာ/မများ စိတ်အေးချမ်းသာစွာ ဆေးကုသပေးနိုင်ရန်နှင့် ဆေးကုသမှုခံယူကြသည့် လူနာများကိုလည်း ဆေးရုံဝန်းအတွင်း အမှိုက်သရိုက်ကင်းစင်မှုကို မြင်တွေ့ခြင်းအားဖြင့် စိတ်ဓါတ်ရေးရာတက် ကြွလာစေရန်၊ လေထုညစ်ညမ်းမှုမရှိဘဲ သန့်ရှင်းကောင်းမွန်သော လေများရရှိကြစေရန်၊ ခြင်ကိုက်မှု ဒဏ်မခံစားရစေရန်တို့အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြခြင်းဖြစ် ကြောင်းသိရသည်။

 သင်းသင်းမြတ်