ဒီပဲယင်းမြို့နယ်တွင် အာဟာရပြည့်ဝသော စာနပ်ရိက္ခာများကို ဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူ စားသုံးနိုင်စေရန် Home Gardening ပညာပေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိ

 

ဒီပဲယင်း  ဩဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အာဟာရပြည့်ဝသော စာနပ်ရိက္ခာများကို ဈေးနှုန်းချို သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် တောင်သူများအပိုဝင်ငွေ ရရှိစေရန် Home Gardening စိုက်ပျိုးခြင်း လုပ်ငန်း ကို ပညာပေး ဆောင်ရွက်လျှက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။

ထိုကဲသို့ စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများ ပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် Home Gardening စိုက်ပျိုးနည်းစနစ်များ ပညာပေးခြင်း မျိုးစေ့ပျိုးပင်များအား အခမဲ့ဖြန့် ဝေပေးခြင်းဖြင့် မိသားစုတနိုင်တစ်ပိုင် အပိုဝင်ငွေရရှိကာ ဘေးအန္တရာယ်ကင်းရှင်းပြီး သန့်ရှင်းလက်ဆက်၍ အာဟာရပြည့်ဝ‌‌‌သော စားနပ်ရိက္ခာများ စိုက်ပျိုးထုတ်လုပ်နိုင်စေရန် ရည်ရွယ်ပြီး နည်းပညာပေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။