ရခိုင်ပြည်နယ် မောင်တောမြို့၌  ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်နှင့်  ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းသော  လှူဖွယ်ဝတ္တူပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မောင်တော    ဩဂုတ် ၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော၊ ဆွမ်းဆန်တော်နှင့် ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသော ဆီ ၊ ပဲ၊ ကြက်သွန်၊ ကြက်ဉများ ဆက်ကပ် လှူဒါန်းခြင်းကို ယနေ့လယ် ၂ နာရီအချိန်  မြို့မပရဟိတကျောင်း၊ လောကမာရဇိန် သမုတ်သိမ်တော်ကြီးအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွက်ဆို၍ ဘုရားကန်တော့၍  အခမ်းအနား ဖွင့်လှစ်ရာ  မောင်တောမြို့၊ မြို့မပရိယတ္တိစာသင်တိုက်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တပုညာနန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပြီး ပင့်သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။  ထို့နောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ တာဝန် ရှိသူများက သင်္ကန်းပရိက္ခရာ အစုံ  နှင့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ ကြက်ဉ၊ လှူဖွယ်ဝတ္တူပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြရာ  အောင်မြေဗောဓိသာသနာ့ရိပ်သာ(အလိုတော်ပြည့်)ကျောင်း ဆရာတော် ဘဒ္ဒန္တမဏိသာရထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ် ရွက်ဆို ဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ ကြောင်းသိရသည်။

ထိုသို့ လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုအခြေအနေများကြောင်း ဝါတွင်းကာလအတွင်း  မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၉၀)ရှိ  ရဟန်း၊ သာမဏေ စုစုပေါင်း  ၁၉၆ ပါး အတွက်  ဆွမ်းဆန်တော်  ၅၀ အိတ် ၊  ဆီ ၁၉၆  လီတာ ၊ ပဲ ၉၈ ပိသာ ၊ ကြက်သွန်နီ ၁၉၆ ပိသာ ၊ကြက်ဉ ၁၉၆၀ လုံး စုစုပေါင်းတန်ဖိုးငေွကျပ်  ၃၈ သိန်း ကို လှူဒါန်းခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး