ငပုတော ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်မှ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ် အတွက် ထောက်ပံ့ပေးအပ်သော ငွေများအား ငပုတော မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဇုံနယ်မြေ(၁)ဖြစ်သည့် ဟင်းအိုးချောင်း ကျေးရွာအုပ်စု၊ ကွင်းချောင်းကျေးရွာအုပ်စု၊ တမန် ချောင်းကျေးရွာအုပ်စု၊ အုတ်ပုံရေကျော်ကျေးရွာအုပ်စုတို့တွင်ရှိသော သက်ကြီးဘိုးဘွားများအား ဇုန်နယ်မြေ (၁) ဥက္ကဋ္ဌနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ယနေ့နံနက်ပိုင်း တွင် အိမ်တိုင်ရာရောက် သွားရောက်ကာ ပြန်လည် ထောက်ပံ့လှူဒါန်းခဲ့ ကြောင်းသိရသည်။
ငပုတောမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဇုန်နယ်မြေ(၁)တွင် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ယခင်နှစ်များက နှစ်စဉ်မပျက် ကျင်းပပြုလုပ်လျက်ရှိသော်လည်း ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် ကျင်းပ ပြုလုပ်နိုင်ခြင်းမရှိသဖြင့် တိုင်းရင်းသား ရေးရာဝန်ကြီးမှ ထောက်ပံ့ပေး အပ်သော ငွေကျပ်၂၅၀၀၀ဝိ/အား ဇုန်နယ်မြေ(၁)အတွင်းရှိ သက်ကြီး ဘိုးဘွားထံသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြားချက်များ အညီ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။
လှမင်းထွဋ်(ပြန်/ဆက်)