ခါမ်းပါတ် သြဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် နာဂဒေသနှင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းလုပ်ငန်းအတွက် ဒေသခံတောင်သူများ အားပျိုးပင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉နာရီအချိန်က ခါမ်းပါတ်မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခါမ်းပါတ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်း၊စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တောင်သူများအား မျိုးစေ့ ပျိုးပင်များနှင့်ဆက်စပ် ပစ္စည်း များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ခါမ်းပါတ်မြို့အတွင်းရှိ စွန်လည်ကျေးရွာအုပ်စု၊ ကျွန်းတောရေရှင် ကျေးရွာ အုပ်စု၊ထင်းဇင်ကျေးရွာအုပ်စုနှင့် တိန်းကယားကျေးရွာအုပ်စုရှိ တောင်သူများအတွက် စပါးမျိုးစေ့ချ ကိရိယာ၊အမယ်သစ်/တန်ဖိုးမြှင့်သီးနှံများဖြစ်သည့် ဝဥ၊ မျောက်ငို၊ စိန်တစ်လုံးသရက်နှင့် ကော်ဖီပျိုးပင် များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သားငယ်(ပြန်/ဆက်)