လဟယ် သြဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မွေးကင်းစမှ အသက်(၅)နှစ်အောက် ကလေးမျာနှင့် ကျောင်းမနေကလေးသူငယ်များအား သန်ချဆေး နှင့် Vitamin A တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်၌ တိုးချဲ့(၂)ရပ်ကွက် စာသင်ကျောင်းတွင် တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ သန်ချဆေးနှင့် Vitamin A တိုက်ကျွေးခြင်းကို လဟယ်မြို့ပေါ် (၅) ရပ်ကွက်တွင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာန တာဝန်ရှိ ဆရာမထံမှ သိရပါသည်။
ပါမင်းလှိုင် (ပြန်/ဆက်)