ပေါင်းတည် ဩဂုတ် ၂၁
ပေါင်းတည်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းအထိ FQC များတွင် ထားရှိသောသူများ၊ နှာခေါင်းအနံ့မရသူများ၊ နေမကောင်းသူများ၊ ပြင်ပမှ သေဆုံး၍ စစ်ဆေးသူများအား RDT Test ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ကျား (၁၀)ဦး၊ မ (၁၂)ဦး၊ စုစုပေါင်း(၂၂)ဦး တွေ့ရှိခဲ့ပြီး စုစုပေါင်းပိုးတွေ့ရှိသူ (၁၂၆၇)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် သက်ဆိုင်ရာ Facility Quarantine Centre တို့တွင် ထားရှိပြီး ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ပိုး ရှိ /မရှိ ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၂၆၇)ဦး၊ ကုသမှုခံယူနေသူ(၁၁၁)ဦး၊ ဆေးရုံဆင်းသူ (၁၀၄၀)ဦးနှင့် သေဆုံးသူ(၁၁၆)ဦး ရှိပြီဖြစ်ကြောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်၊၊
ချစ်နှင်းသုန်