ဂွ သြဂုတ် ၂၁
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ သံသယလူနာ (၁၄)ဦးကို စစ်ဆေးခဲ့ရာသံသယလူနာ(၁၀) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်။
ပိုးတွေ့လူနာ(၁၀)ဦးမှာ ဂွမြို့နယ်၊ အိုးထိန်းကျေးရွာမှ သံသယလူနာ (၁) ဦး၊ ကိုင်းခုံကျေးရွာမှ သံသယလူနာ (၁) ဦး၊ဆပ်သွားကျေးရွာ မှ သံသယလူနာ (၁) ဦး၊ လောင်းကျိုးကျေးရွာ မှ သံသယလူနာ (၁) ဦး၊ ရဟိုင်ကူးတို့ကျေးရွာမှ သံသယလူနာ (၁) ဦး ၊ မြို့မရပ်ကွက်၊ ဦးဥတ္တမလမ်းမှ သံသယလူနာ (၂) ဦး ၊ မြို့မရပ်ကွက် ၊ ဇလပ်ဖြူလမ်းမှ သံသယလူနာ (၁) ဦး၊ ရွာမရပ်ကွက် ၊မြို့မလမ်းမှ သံသယလူနာ (၂) ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါပိုးတွေ့လူနာများကို ပြည်သူ့ဆေးရုံ(ဂွမြို့)တွင် (၅) ဦး၊ ကိုဗစ်-၁၉ ကုသရေး Center-2 (ဂွမြို့)တွင် (၂) ဦး ကျိန္တလီတိုက်နယ်ဆေးရုံတွင်(၂)ဦး၊ ဆပ်သွားတိုက်နယ်ဆေးရုံ
တွင် (၁) ဦး ထားရှိကုသပေးသွားမည်ဖြစ်ပြီး ယနေ့ဆေးရုံဆင်းလူနာ (၉) ဦးနှင့် ကုသဆဲ လူနာ စုစုပေါင်း (၉၂) ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ရွှေရည်ဝင်းကျော်