တောင်တွင်းကြီးမြို့နယ်အတွင်းရှိ တမံအတွင်း ငါးသယံဇာတများရေရှည်ပွားများစေရေးငါးမျိုးများစိုက်ထည့်

တောင်တွင်းကြီး  ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ငါးရိက္ခာများပိုမိုစားသုံးနိုင်ရေးနှင့်ငါးသယံဇာတများ ရေရှည်ပွားများစေရေးအတွက် တောင်တွင်းကြီးမြို့၊ ရတနာပွင့်လှကန်တော်ကြီး ကန်အတွင်း ငါးသား‌ပေါက်များ မျိုးစိုက်ထည့်ခြင်းကို ဩဂုတ်လ(၂၀)ရက်ကကျင်းပသည်။

အဆိုပါငါးမျိုးစိုက်ထည့်ပွဲသို့ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူရှိန်းနှင့်အဖွဲ့ဝင်များ၊ ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွက်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဦးဇော်ဝင်း၊ စခန်းတာဝန်ခံ ဦးကျော်စွာဝင်းတို့က နှစ်လက်မအရွယ် ငါးခုံးမကြီး(၁)သိန်း၊ ငါးမြစ်ချင်း(၁)သိန်း စုစုပေါင်းငါးသား‌ ပေါက်ကောင်ရေ (၂)သိန်းတို့ကို မျိုးစိုက်ထည့်ခဲ့ကြောင်းသိရသည်။