မြောက်ဦးမြို့၌ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံမှုမှ ကြိုတင်ကာကွယ် တားဆီးရေးအတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

မြောက်ဦး  ဩဂုတ် ၁၇  

          ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်နှံမှုမှ ကြိုတင်ကာကွယ် တားဆီးရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာရေး အလေ့ အကျင့်များ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီအချိန်က  မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ တပ်ခွဲမှူး ဒေါ်သူဇာဌေး ဦးဆောင်သော တပ်ဖွဲ့များက မြို့အဝင်လမ်း၊ လူစည်ကားရာနေရာများနှင့် လမ်းဆုံလမ်းခွများသို့ သွားရောက်ပြီး  Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့  ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံမှုကို ကြိုတင်ကာကွယ် တားဆီးရေး Mask များအခမဲ့ ဖြန့်ဝေရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ တပ်ဆင်အသုံးပြု သွားလာကြရန်၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မြို့အဝင်အထွက်နေရာများ၊ ကားဂိတ်များ၊ လူစည်ကားရာနေရာများ၊ လမ်းဆုံ/လမ်းခွများနှင့် ယာယီပျံကျဈေးများ သို့သွားရောက်ပြီး ကိုဗစ်-၁၉ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများ၊ လမ်းသွား လမ်းလာများနှင့် အငှားယာဉ် မောင်းနှင်သူများကို အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်သွားလာကြရန်နှင့် ကျန်းမာရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask မပါရှိသူများအား  ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 ခင်မောင်ထွန်း