မင်းဘူး(စကု) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း

 

မင်းဘူး ဩဂုတ် ၁၇

ဦးတင်မြင့် (မြို့နယ်အုပ်ချုပ်ရေးမှူး)

                  
မေး။   ဟုတ်ကဲ့ဆရာ၊ မင်္ဂလာပါရှင့်၊ အခုပထမဆုံးအနေနဲ့ ကျွန်မတို့မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီးတော့ ဆောင်ရွက်နေမှု အခြေအနေလေး တွေကို ပြည်သူတွေသိအောင် ပြောပြပေးပါအုံးရှင့်။  

         
ဖြေ။    ကျွန်တော်ကတော့ မင်းဘူးမြို့နယ် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဖြစ်ပါတယ်ခင်ဗျာ့။ မင်းဘူးမြို့နယ်ကိုတော့                  (၂၅-၇-၂၀၂၁)ရက်နေ့မှာ မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ်‌ ပြောင်းရွှေ့ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်၊              ကျွန်တော်တို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုများကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် မင်းဘူး(စကု)မြို့နယ်ဟာ Stay At Home အစီအစဉ်မှာပါဝင်တဲ့ မြို့ဖြစ်ပါတယ်၊ အဲလိုပါဝင်တဲ့အတွက် မင်းဘူးမြို့ပေါ်မှာလည်း ဒေသန္တရအမိန့်များ          ထုတ်ပြန်ထားပြီးဖြစ်ပါတယ်၊ ဒေသန္တရထုတ်ပြန်ပြီး နောက်ပိုင်းမှာတော့ မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်၊ မြောက်လှည်း           ကောက်အဝိုင်းပတ်၊ အမှတ်(၂)ရပ်ကွက် ပြည်သူ့ဆေးရုံရှေ့၊ အမှတ်(၁)ရပ်ကွက် တောင်လှည်းကောက်အဝိုင်းပတ်၊               မင်းဘူးမြို့နယ်၊ ထောက်ရှာပင်ကျေးရွာအုပ်စု ကျွဲသိုးမြှောင်ဂိတ်နှင့် စကုမြို့ အမှတ်(၁)ရပ်ကွက် မြို့အဝင်စတဲ့ Check     Point နေရာ(၅)ခုမှာ နေ့စဉ် (၁၀) နာရီ နောက်ပိုင်းမှစတင်ပြီးတော့ ကျန်းမာရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားသော          အမိန့်ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ လိုက်နာ ဆောင်ရွက်စေရေး လုံခြုံရေးအဖွဲ့များနှင့် စနစ်တကျ ကြပ်မတ်စစ်ဆေးဆောင်ရွက်ပြီးတော့ လိုက်နာမှုမရှိပါက ဒဏ်ရိုက်အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစပါ ကြောင်းနှင့် အခြား/ တိုင်းဒေသကြီး ပြည်နယ်များမှ ရောက်ရှိလာသူများကိုလည်း နေရပ်အလိုက် Quarantine ထား ရှိဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားပြီးဖြစ်ပါတယ်၊ ကိုဗစ်-၁ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့်ပတ်သက်ပြီးတော့ လိုအပ်သည်များ ဖြေကြားဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ထွေအုပ်၊မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများမှာ Call Centreများလည်းဖွင့် လှစ်ထားရှိ ပြီးဖြစ်ပါကြောင်းနှင့် RDT စနစ်ဖြင့် စစ်ဆေးခြင်းအား မင်းဘူးခရိုင် ဆေးရုံကြီးနှင့် စကုမြို့ ပြည်သူ့ဆေးရုံတွင်သာမကပဲနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲများမှာလည်း စစ်ဆေးနိုင်ရေး ဆောင်ရွက်   လျက်ရှိပါတယ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၃၀ မီလီမီတာကျု ‌အောက်ဆီဂျင်စက်လှူဒါန်းပြီးဖြစ်ပါတယ်၊ အခြား    လိုအပ်သော ထရမ်စဖော်မာ အောက်ဆီဂျင်စက်ရုံများ ဆောက်လုပ်မည့်မြေနေရာများကိုလည်း အလှူရှင်များ အကူအညီဖြင့် ရရှိပြီးလည်းဖြစ်ပါတယ်၊ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ရေးနှင့် ပတ်သက်ပြီးတော့ ဖောင်ဒေး ရှင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်၊ အခုလက်ရှိဆိုရင် ကျွန်တော်တို့ ဒီအောက်ဆီဂျင်စက်ရုံအတွက် လိုအပ်တဲ့ ထရမ်စဖော်မာ ရောက်ရှိပြီး တပ်ဆင်နိုင်ရေးလည်း ဆောင်ရွက်နေပြီဖြစ်ပါတယ်၊ အောက်ဆီဂျင်စက်ရုံဆောက်လုပ်ပြီးစီးပြီးတော့ လုပ်ငန်းလည်ပတ် နိုင်ရင် ဒေသတွင်းမှာ လိုအပ်တဲ့ အောက်ဆီဂျင်များကို ထုတ်လုပ်ပေးနိုင်ပြီဖြစ်တဲ့အတွက် အဓိကကတော့ ကျွန်တော်တို့ ဆေးရုံများကို ပထမဦးစားပေး ဖြန့်ဝေပေးသွားမှာလည်းဖြစ်ပါတယ်၊ စကုအပါအဝင်           တစ်ပတ်မှာ(၃) ကြိမ် မြို့နယ်‌ထွေအုပ်၊ မြို့နယ်ပြန်/ ဆက်၊ မီးသတ်ဦးစီးဌာန နှင့် ရဲတပ်ဖွဲ့ တို့ပူးပေါင်းပြီးတော့ မြို့ပေါ်          ရပ်ကွက်များကိုလှည့်လည်ပြီး Stay Home သတ်မှတ်ထားတဲ့ မြို့နယ်များအတွက် ကျန်းမာရေးဝန်ကြီးဌာန မှထုတ်ပြန်ထားတဲ့အမိန့်နှင့် ညွှန်ကြားချက်များကို သိရှိလိုက်နာရေး အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နေ့စဉ် အမှိုက်သိမ်းယာဉ်များ အပေါ်မှာ အသိပညာပေး လုပ်ငန်းများကို      ဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာ့။

                  
မေး။   ဟုတ်ကဲ့ပါဆရာ၊ နောက်တစ်ခုကလေဆရာ ကျွန်မတို့မြို့နယ်မှာ ပထမအကြိမ် ကာကွယ် ဆေးထိုးနှံမှုမှာ ရောက်ရှိလာတဲ့ ဆေးအရေအတွက်နဲ့  ထိုးနှံပြီးစီးမှု အခြေအနေလေးကိုလည်း ပြောပြပေးပါအုံးဆရာ။

         
ဖြေ။    ဟုတ်ကဲ့ပါခင်ဗျာ့၊ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ ဒီတတိယ လှိုင်းမှာ ဆေးအလုံးရေစုစုပေါင်း ပထမတစ်ကြိမ်မှာ (၁၀၅၀)၊ ဒုတိယတစ်ကြိမ်မှာ (၁၀၀၀) နှင့် တတိယတစ်ကြိမ်(၁၀၀၀)၊ စုစုပေါင်း (၃၀၅၀) ဖြစ်          ပါတယ်ခင်ဗျာ့၊ ဒီ (၃၀၅၀) ကိုတော့ ကျွန်တော် တို့ဒီ မင်းဘူး(စကု)မြို့နယ်ထဲမှာရှိတဲ့ ဒေသခံပြည်သူများ၊ အသက်(၆၅)      နှစ်အထက် ဦးစားပေး နှင့် ဦးစားပေးအစီအစဉ်ထဲမှာပါဝင်တဲ့ Volunteerများ၊ ပရဟိတများ၊ ဘုန်းကြီး၊ သီလရှင်ကျောင်းများ နှင့် ဘာသာရေးကျောင်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်မိုတယ်ဝန်ထမ်းများ၊ အချုပ်သား၊ အကျဉ်းသားများ၊ ပုဂ္ဂလိကပို့ ဆောင်ရေးလုပ်ငန်းများနှင့်               ဈေးသူ/ ဈေးသားများ၊ စားသောက်ဆိုင် နှင့်လ္ဘက်ရည်ဆိုင်များ၊  စုစုပေါင်း (၆၀၉၃) ဦးကို ၁၀၀ ရာခိုင်နှုန်း ထိုးပေးပြီးဖြစ်ပါတယ်ခင်ဗျာ့။

မေး။   ဟုတ်ကဲ့ပါဆရာ၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရာမှာလည်း ဆက်လက်ဆောင် ရွက်သွားမည့် အစီအစဉ်လေးတွေကိုလည်း ပြောပြပေးပါအုံးဆရာ။

         
ဖြေ။    ဒုတိယအကြိမ်ကာကွယ်ဆေးထိုးဖို့ အစီအစဉ်တွေကတော့ ပထမအကြိမ်မှာတုန်းကတော့ ခုထိုးပြီးတဲ့အကြိမ်မှာတော့    ကျွန်တော်တို့ မင်းဘူးမြို့နယ်ခန်းမမှာ အဖွဲ့(၂)  ဖွဲ့ခွဲပြီးတော့ ထိုးပေးခဲ့ပါတယ်၊ နောက်စကုမြို့နယ် မှာက အထက              ကျောင်းမှာထိုးပေးခဲ့ပါတယ်၊ အခုဆေးတွေရောက်ရှိလာမယ်ဆိုရင် ဒီထက်ပိုပြီးတော့ ပြည်သူလူထုကို အမြန်ဆုံးထိုးပေးနိုင် ဖို့အတွက် ရွာသာယာတိုက်နယ်ဆေးရုံရှေ့အထက (ပွင့်ဖြူ) ခန်းမမှာ ထိုးဖို့ နဲ့ လက်ရှိထိုးပေးနေတဲ့ မြို့တော်ခန်းမနဲ့      စကု (အထက) ကျောင်းတို့မှာ ဆက်လက်ပြီးတော့ ရောက်ရှိလာတဲ့ ဆေးတွေ ကို ထိုးပေးသွားမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ ပထမထိုးခဲ့တဲ့ အဖွဲ့တွေအပြင် နောက်ထပ် ထပ်တိုးတဲ့ အဖွဲ့တွေနဲ့ တစ်ရက်ကို (၁) နေရာမှာ လူ(၅၀၀)လောက် ကိုထိုးပေးလို့ရှိရင်တစ်ရက်ကို လူအင်အား (၁၅၀၀) လောက်ထိ ထိုးပေးနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ့။

                  
မေး။   ကျွန်မတို့မြို့နယ်မှာ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု အခြေအနေလေးတွေနဲ့ အဲဒီ အောက်ဆီဂျင်စက်ရုံပြီးသွားတဲ့အခါမှာလည်း ကျွန်မတို့မြို့နယ်အတွက်  ရရှိလာမယ့် အောက်ဆီဂျင် အခြေအနေလေးတွေကိုလည်း ပြောပြပေးပါအုံးရှင့်။

         
ဖြေ။    အောက်ဆီဂျင်စက်ရုံအနေနဲ့တော့ ကျွန်တော်တို့ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီဖွဲ့ပါတယ်၊ ကျွန်တော်တို့  ဘဏ္ဍာငွေရှာဖွေရေးကော်မတီဖွဲ့ပါတယ်၊ အဲဒီမှာလက်ရှိ မြေနေရာကလည်း မင်းဘူးမြို့နယ်ဗြဟ္မစိုရ်အသင်းရဲ့နောက်ကမြေနေရာကိုလှူဒါန်းထားတဲ့အတွက် မြေနေရာရရှိပြီးတော့ စက်ရုံနဲ့ပတ်သက်ပြီး ရောက်ရှိလာမယ်ဆိုလို့ရှိရင် အလှူရှင်များလှူဒါန်း ပြီးဖြစ်သည့်အတွက် လက်ရှိမှာအောက်ဆီဂျင် Plant တည်ထားဖို့အတွက်ကို စက်ရုံကို ရွှေရောင်မြေကုန်          စုံဆိုင်မိသားစုက လှူဒါန်းပြီးဖြစ်သည့်အတွက် လက်ရှိမှာ ဖောင်ဒေးရှင်း လုပ်ငန်း စတင်နေပြီဖြစ်ပါတယ်၊ ထရမ်စဖော်မာ ကိုတော့ ကျွန်တော်တို့ မန်းသီတာဟိုတယ်ပိုင်ရှင် နဲ့ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဝင်း မိသားစုက လှူဒါန်းတဲ့အတွက် လက်ရှိတော့ ထရမ်စဖော်မာလည်း ရောက်ရှိပြီဖြစ်ပါတယ်၊ အဲဒါကြောင့်မို့လို့ မကြာခင်မှာ တိုင်းအစိုးရကနေပြီးတော့ပေးမယ့် ၃၀ မီလီကျုဒီအောက်ဆီဂျင် Plant နှင့် ပတ်သက်ပြီး ရောက်ရှိလာပါက အမြန်ဆုံးလည်         ပတ်ပြီးတော့ ဒေသတွင်းမှာ လိုအပ်နေတဲ့ အောက်ဆီ ဂျင်များကို ဖြန့်ဝေပေးနိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျာ့။

         
မေး။   ဟုတ်ကဲ့ပါဆရာ။ အခုနောက်ဆုံး ဆရာအနေနဲ့ ကိုဗစ်- ၁၉ ‌ရောဂါ‌ကာကွယ်ထိန်းချုပ်နိုင်‌‌‌‌‌‌ရေးအတွက် ဘာများဖြည့် စွက်  ပြီးတော့ပြောချင်ပါသေးလဲရှင့်။  
ဖြေ။    ကျွန်တော်ဖြည့်စွက်ပြောချင်တာကတော့ မင်းဘူးမြို့နယ်အတွင်းမှာ နေထိုင်တဲ့ ပြည်သူများ အနေနဲ့ Stay Home လည်း  သတ်မှတ်ထားတယ်၊ ဒေသန္တရ အမိန့်လည်းထုတ်ပြန်ထားတယ်၊ အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နေ တာဖြစ်တဲ့အတွက် ကျန်းမာ‌ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်‌ရေးနည်းလမ်းများ၊ လိုက်နာရန်စည်းကမ်း များကိုလိုက်နာ သွားမယ် ဆိုလို့ရှိရင် ‌‌ရောဂါပိုးလျော့နည်းသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။               ဟုတ်ကဲ့ပါဆရာ။ အခုလိုမျိုး မအားလပ်တဲ့ ကြားထဲကနေ ကျွန်မတို့ရဲ့မေးခွန်းလေးတွေကို ဖြေကြားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဆရာ။ 

 

တွေ့ဆုံမေးမြန်းသူ - သူဇာစိုး