မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ စေတနာ့ဝန်ထမ်း (Volunteer)များအတွက် ကျန်းမာရေး အာမခံ Premium ကြေးစာချုပ်များ လွှဲပြောင်းပေးအပ်

မင်းဘူး ဩဂုတ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်း (Volunteer) များအတွက် ကျန်းမျာရေးအာခံ Premium ကြေးစားချုပ်များကို ယမန်နေ့ နေ့လယ်ပိုင်းက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ မြို့နယ်များသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက “မင်းဘူးခရိုင်အတွင်းက မြို့နယ်(၅)မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ကိုယ်ကျိုးစွန့်ပြီးတော့ တတ်ကြွစွာ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေကြတဲ့ စေတနာ့ဝန်ထမ်း ၁၀၃ ဦးအတွက် ကျန်းမျာရေးအာခံ Premium ကြေးစာချုပ်တွေကို လွှဲပြောင်း ပေးအပ်ခဲ့တာပါ။ ယခုလိုပေးအပ်တာကတော့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီး Volunteer တွေကို ကျန်းမာရေးအာမခံ ပြုလုပ်ပေးခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ထိုသို့ပေးအပ်ရာတွင် မင်းဘူး(စကု)မြို့နယ်က (၃၆)ဦး၊ ပွင်ဖြူမြို့နယ်က (၁၀)ဦး၊ စလင်းမြို့နယ်က (၃၇)ဦး၊ ငဖဲမြို့နယ်က (၄)ဦး၊ စေတုတ္တရာမြို့နယ်က (၁၆)ဦး စုစုပေါင်း စေတနာ့ဝန်ထမ်း (Volunteer) (၁၀၃)ဦး တို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)