ငဖဲ ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး ၊မင်းဘူးခရိုင် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေး ခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီရန်ပုံငွေများအား ဒုတိယအကြိမ်လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၁၀နာရီက ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ထောက်ပံ့သည့်ဒေသဖွံ့ဖြိုးရေး ဖြင့် ဆောင်ရွက် သည့်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဆိုင်ရာ မြို့နယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ နာယက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးမြင့်က လွှတ်တော်ရန်ပုံငွေနှင့် ပတ်သက် ၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဒေသဖွံ့ဖြိုးရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးစန်းကြူနှင့် ဒု-ဥက္ကဌ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်လွင်နှင့် မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းထွန်းတို့က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင်ငွေကြေးသုံးစွဲမှုဆိုင်ရာကိစ္စရပ်များနှင့် သတ်မှတ်ကာလအတွင်းလုပ်ငန်းများ အချိန်မီပြီးစီးရေးကြီးကြပ်ဆောင်ရွက်ရန်ရှင်းလင်းဆွေးနွေးသည်။
တိုင်းဒေသကြီးလွှတ်တော်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း ၁၀၀၀ မှလုပ်ငန်း အားလုံး အတွက် ဒုတိယအကြိမ်ထုတ်ပေးငွေကျပ်သိန်း ၅၀၀ ကို တာဝန်ရှိသူတို့က သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာတာဝန်ရှိသူများထံသို့ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးလွှတ်တော်မှပံ့ပိုးသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ငဖဲမြို့နယ်ရှိ ရပ်ကွက် နှင့် ကျေးရွာ(၁၈) အုပ်စုမှ လမ်းလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်းနှင့်အခြားလုပ်ငန်းများ စုစုပေါင်း လုပ်ငန်း ၂၈ ခု ကိုဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မယု(ငဖဲ)