မုဒုံ သြဂုတ် ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ၊ မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ပိုးတွေ့အတည်ပြုလူနာများ အတွက် အောက်ဆီဂျင်အရေးပေါ်လိုအပ်လာပါက အခက်ခဲမရှိအဆင်ပြေစွာ ကျန်းမာရေး စောင့်ရှောက်ကုသပေးနိုင်ရန် မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်လျက်ရှိသော အောက်ဆီဂျင်အိုးများကို ယမန် နေ့က စေတနာရှင်အလှူများက မြို့နယ်ပြည်သူ့ဆေး ရုံသို့လာ ရောက်လှူဒါန်းသည်။
ထိုသို့ လှူဒါန်းရာတွင် မန္တလေးမြို့နေ ဦးခင်မောင်ဝင်းမိသားစုမှ တန်ဖိုးငွေကျပ် (၃၀၀၀၀၀၀) တန်ဖိုးရှိသည့် အောက်ဆီဂျင် ၄၀ လီတာအိုး(၆)လုံးကိုလည်ကောင်း၊ မုဒုံမြို့နေ ဒေါ်ငွေမှီ မိသားစုမှ တန်ဖိုးငွေကျပ်(၁၄၅၀၀၀၀)တန်ဖိုးရှိသည့် အောက်ဆီဂျင်၄၀ လီတာအိုး(၃)လုံးကို လည်ကောင်း၊ ဒေါ်ကြည်ခိုင်ဦး မိသားစုမှ Oxygen Concen-trator စက်(၁)လုံးကို လည်ကောင်း လာရောက်လှူဒါန်းရာ မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာကျော်မိုးနိုင်က လက်ခံကာ ကျေးဇူတင်စကားပြန်လည်ပြော ကြားခဲ့ကြောင်းသိရ သည်။
အောင်မျိုးသူ