မင်းလှမြို့နယ် ပြန်/ဆက်ဦးစီးဌာနက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်

မင်းလှ ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ် နိုင်စေရန် ရည်ရွယ်၍ ရပ်ကွက်များအတွင်း ကိုဗစ်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် ကိုဗစ်ကာကွယ်ဆေး (Sinophram)ထိုးနှံရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့က လည့်လှည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးနှိုးဆော်ရာတွင် "ပြည်သူလူထုအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ခြင်း လိုက်နာရမည့် အချက်များဖြစ်‌သော Mask မကိုင်မီ လက်ဆေးပါ၊ စုတ်ပြဲခြင်း၊ ညစ်ပေခြင်း ရှိ/မရှိ စစ်ဆေးပါ၊ သတ္ထုချောင်း (သို့မဟုတ်) ကော်ချောင်းပါသောဘက်ကို အပေါ်တွင်ထားပါ၊ အရောင်ပိုရင့်သော မျက်နှာပြင်ကို အပြင်ဘက်တွင်ထားပါ၊ ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ပါ ၊Mask ကိုဖယ်ရှား မည်ဆိုပါက ကြိုးမှကိုင်၍ ဖယ်ရှားပါ၊ အဖုံးပါသော အမှိုက်ပုံးထဲတွင်သာ စွန့်ပစ်ပါ၊ စနစ်တကျ လက်ပြန်ဆေးပါနှင့် ရှောင်ကြဉ်ရမည့် အချက်များဖြစ်သော စုတ်ပြဲညစ်ပေနေသော Mask များကို အသုံးမပြုရပါ၊ စကားပြောဆိုရန အတွက် Maskကို လက်ဖြင့်အောက်သို့ လျော့ချခြင်း၊ မေးတွင် ချိတ်ဆွဲထားခြင်း မပြုလုပ်ရပါ၊ အသုံးပြုပြီးသား ခွဲစိတ်ခန်းသုံး Mask များကို ပြန်မသုံးရပါ၊ မိမိနှင့် ကြီးလွန်း သေးလွန်းသော Mask များကို အသုံးမပြုရပါ၊ ပါးစပ်သာ ဖုံးအုပ်ခြင်းနှင့် နှာခေါင်းသာ ဖုံးအုပ်ခြင်းမျိုး မပြုလုပ်ရပါ၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ရုံဖြင့် ကိုဗစ်-၁၉ရောဂါကို အပြည့်အဝ မကာကွယ်နိုင်ပါ၊   တစ်ဦးနှင့်တစ်ဦးအ နည်းဆုံး(၆)ပေခွာ၍ နေထိုင်ခြင်း၊ လက်ကိုဆပ်ပြာနှင့် ရေတို့ဖြင့် အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် မကြာခဏ စနစ်တကျဆေးကြောပေးခြင်း "အချက်များကို လှည့်လည်အသိပညာပေး နှိုးဆော် လျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးများကို ဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေး လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinophram)ကို မဖြစ်မနေ ထိုးကြရန်ကိုလည်း နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ