ဂွ သြဂုတ် ၇
ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ဂွမြို့နယ်တွင်ယနေ့သံသယလူနာ (၂၀)ဦးကို စစ်ဆေးခဲ့ရာသံသယလူနာ(၁၈) ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိကြောင်းသိရသည် ။
ပိုးတွေ့လူနာ(၁၈)ဦးမှာ ဂွမြို့နယ် ၊ကြွေချိုင်ကျေးရွာမှ သံသယလူနာ (၁) ဦး ၊တိုင်ကျိုးကျေးရွာမှ သံသယလူနာ (၁) ဦး၊ကမ်းသာယာကျေးရွာမှ သံသယလူနာ (၁) ဦး ၊လောင်းကျိုးကျေးရွာမှ သံသယလူနာ (၃) ဦး ၊ကွင်းကြီးကမ်းနားကျေးရွာမှ သံသယလူနာ (၂) ဦး ၊မကျည်းငူကျေးရွာမှ သံသယလူနာ (၃) ဦး၊ ရွာမရပ်ကွက် ၊ ပရဟိတအဖွဲ့မှ သံသယလူနာ (၂) ဦး ၊ ရွာမရပ်ကွက် ၊ မင်္ဂလာလမ်းမှ သံသယလူနာ (၁) ဦး ၊ ကင်းရုံးရပ်ကွက် ၊ မြို့မဂုဏ်ရည်လမ်းမှ သံသယလူနာ (၁) ဦး ၊ ကင်းရုံးရပ်ကွက် ၊ငွေသောင်ယံလမ်းမှ သံသယလူနာ (၁) ဦး၊ မြို့မရပ်ကွက် ၊ ဂမုန်းမြိုင် လမ်းမှ သံသယလူနာ (၁) ဦး၊ မြို့မရပ်ကွက် ၊ တမံ -၂ လမ်းမှ သံသယလူနာ (၁) ဦးတို့ဖြစ်ကြောင်းသိရသည်။
အဆိုပါပိုးတွေ့လူနာ များကိုပြည်သူ့ဆေးရုံ(ဂွမြို့) တွင် -(၅) ဦး ၊Covid-19 ကုသရေး Center. 1 (ဂွမြို့)တွင် (၇) ဦး ၊Covid-19 ကုသရေးCenter.2 (ဂွမြို့) တွင် (၄) ဦး၊ ဆပ်သွားတိုက်နယ်ဆေးရုံတွင် - (၂) ဦးထားရှိကုသပေးသွားမည်ဖြစ်ပြီးယနေ့ဆေးရုံဆင်းလူနာ (၈) ဦး၊ သေဆုံးလူနာ (၂) ဦးနှင့် ကုသဆဲလူနာ စုစုပေါင်း(၁၁၆) ဦးရှိကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
မြို့နယ်ပြန်/ဆက်