ပုသိမ် ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ၂၀၂၁ ခုနှစ်၊ ယနေ့ ၊ နံနက် (၉)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၃၃/၂၀၂၁) ကျင်းပပြုလုပ်ခဲ့သည်။ အခမ်း အနားသို့ ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေ သကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ အနောက် တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီး ဗိုလ်မှူးကြီးအောင်ဆန်းလွင်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ ပြီး၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင်နေ့ အစည်းအဝေး မှတ်တမ်း များ အပေါ်လုပ်ဆောင်ထားရှိမှုနှင့် ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှု များအား ရှင်းလင်းတင်ပြခဲ့သည်။ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းက ကျန်းမာရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်များမှ အထွေထွေဆွေးနွေးတင်ပြခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင် ဝင်းက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြော ကြားခဲ့သည်။
ထို့နောက်နေ့လည် (၁၂း၃၀)ချိန်တွင် တိုင်းဒေသကြီးကိုဗစ်-၁၉ ကာကွယ်ကုသထိန်း ချုပ်ရေးလုပ် ငန်းများအတွက် (ဒုတိယအကြိမ်) အလှူငွေနှင့်ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ဆက်လက် ကျင်းပခဲ့ကြရာ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင် ဝင်းနှင့်ဇနီး ဒေါ်ကြည်ကြည်ထွန်းမိသားစုက အလှူငွေကျပ်သိန်း(၁၀၀) ပေးအပ်ခဲ့ရာ တိုင်းဒေသ ကြီးစီးပွားရေးရာ ဝန်ကြီးဌာနဝန်ကြီး ဦးတင်အေးက လက်ခံရယူခဲ့ပြီး ဝန်ကြီးချုပ်အား ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ အလှူငွေများကိုဆက်လက်ပေးအပ်ရာ Ayeyar Hinthar Holdings နှင့် ပုသိမ်စက်မှုမြို့ တော် စီမံကိန်းမှ ငွေကျပ်(၂၇၄)သိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ရောဂါကုသဆေး(၈)မျိုး၊ အလှူရှင်တစ်ဦးမှ ငွေကျပ်သိန်း (၃၄၀) တန်ဖိုးရှိ Oxygen Concentrator (၂၀)လုံး၊ ဟင်္သာတမြို့ Family Hotel နှင့် Family မိသားစုရွှေဆိုင်မှ ငွေကျပ် သိန်း(၂၀)၊ ဦးရဲထွန်းဝင်းနှင့်ဇနီး ဒေါက်တာခိုင်ခင်ဖြူ Newton International College မိသားစုမှ O2 regulator 40 L (၅) အိုး၊ Su Paing Lynn Co.,Ltd ရန်ကုန်မြို့မှ ငွေကျပ်(၁၀)သိန်း၊ Able Winners Co.,Ltd ရန်ကုန်မြို့မှငွေကျပ် (၁၀) သိန်း၊ Good Brings Co.,Ltd ရန်ကုန်မြို့မှ ငွေကျပ်(၁၀)သိန်း၊ ယုဇန ကုမ္ပဏီလီမိတက်မှ Oxygen Concentrator (၁) လုံး၊ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ငွေကျပ်(၁၀)သိန်း၊ မြောင်းမြမြို့ (သစ်လွင် စက်ပစ္စည်းရောင်းဝယ်ရေး) ဦးဝင်းလွင်နှင့်ဇနီး ဒေါ်ချိုမာလွင် မိသားစုမှ ငွေကျပ်(၁၀)သိန်း၊ မြောင်းမြမြို့ ဦးထွန်းထွန်းစိုး မိသားစုမှ ငွေကျပ်(၁၀)သိန်း တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းမှ လက်ခံခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြသည်။ ပြီးနောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ပြီး အလှူရှင်များလှူဒါန်းသည့် စုစုပေါင်းတန်ဖိုးငွေမှာ ငွေကျပ်(၈၂၆) သိန်း ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်ဟန်