ကျောက်တော်မြို့၌ ရပ်ကွက်နေအသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများနှင့်ပြည်သူများအား (Sinopharm) COVID-19 ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကျောက်တော်  ဩဂုတ် ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ လတ်တလောအသက်ရှုလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် မြို့ပေါ် ရပ်ကွက်နေပြည်သူများအား (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ရပ်ကွက်အလိုက်ရက်သတ်မှတ်ပြီး ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထုတ်((Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ပိုက်သည်ရပ်ကွက်နှင့်ပြည်တော်သာရပ် ကွက်များရှိ မိပြည်သူများ၊ အသက်(၆၅)နှစ်ထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ဖြစ်ပွား မှုနှင့် ကူးစက်ရောဂါကြောင့် သေဆုံးမှုနှုန်းလျော့ချနိုင်ရန်၊ ကိုဗစ်-၁၉ ကူးပြန့်ပွားမှုမှ ကာကွယ် တားဆီးနိုင်ရန်အတွက်  အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ဆေးအား ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ဆေးထိုးနှံကြသည့် မြို့ပေါ်ရပ်ကွက်များရှိပြည်သူများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း များဆောင်ရွက်ပေး ခြင်း၊ ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် (Sinopharm) ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့်အနား ယူစေခြင်းများအား စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)