သာယာဝတီမြို့နယ် ဗဟိုအကျဉ်းထောင်တွင် ပထမအကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေး 

သာယာဝတီ ဇူလိုင် ၃၁ 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဗဟိုအကျဉ်းထောင်အတွင်းရှိ ဓမ္မာရုံ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။ 

ယင်းသို့ ကာကွယ်ဆေးထိုးနှံရာတွင် အကျဥ်းသား(၁၄)ဦး၊ အချုပ်သား(၁၄၆)ဦး စုစုပေါင်း (၁၆၀) ဦးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

သန့်ဇော်