ကြို့ပင်ကောက်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

 

ကြို့ပင်ကောက်     ဇူလိုင် ၃၁

ပဲခူးတိုင်းဒေသကြီး. သာယာ၀တိခရိုင် ကြို့ပင်ကောက်မြို့နယ် ဈေးချိူတောင် ရပ်ကွက်ရှိ အရှေဘက် ဘုရားကြီး၀န်း နှင့် နွယ်ခွေရပ်ကွက်  ဗားကရာကျောင်း၀န်းအတွင်းတွင် ယမန်နေ့နံနက်    နာရီ က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (  Sinophram. နှင့်. Vrro. Cell. )အား စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

  အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာစိုးမြင့်အောင် ဦးဆောင်မှုဖြင့် ကျန်းမာရေး၀န်ထမ်းများက   ပရဟိတ ၂၅ဦးနှင့် အသက်၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို  ( ၃၅၆ ) ဦးတို့အားရောဂါအခံ ရှိမရှိစစ်ဆေးမေးမြန်း ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးကျော်ကိုကို   မြို့နယ်အုပ်ချူပ်ရေးမှူး ဦးဇော်မင်းဌေးနှင့် အဖွဲ့၀င်များက ကြည့်ရှုစီမံဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။.                

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင်လ ၃၀ ရက်မှ ဩဂုတ်လ  ၁ ရက်နေ့အထိ မြို့နယ် အတွင်း ဆေးထိုးအဖွဲ့  ဖွဲ့ဖြင့် သက်ဆိုင်ရာဆေးထိုးစုရပ်နေရာများတွင် မြို့ပေါ်  ၁၀ ရပ်ကွက်နှင့် သက်ဆိုင်ရာ ကျေးရွာအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း ( ပြန်/ဆက် )