ပဲခူး ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှုကျင်းပသည့် ဝါဆိုသင်္ကန်းဆက်ကပ် ပူဇော်ပွဲ အခမ်းအနားကို ဇူလိုင် ၂၆ ရက် နံနက် ၁၀နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်ကြီး၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင် (၁) ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ကောင်စီအဖွဲ့ ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယရ အဘိဓဇမဟာရဋ္ဌဂုရု မြို့မစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝါဂန္ဓမာထံမှ ပရိသတ်များက ငါးပါးသီလခံ ယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ချီးမြှင့်သည့် မေတ္တာသုတ်ပရိတ်တရားတော်များနာယူ ကြည်ညိုခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်(၁) ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် တာဝန်ရှိသူ များက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်း အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ပဲခူးမြို့၊ သာမဏေကျော်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇ) ဒေါက်တာဘဒ္ဒန္တဝိစက္ခ ဏာလင်္ကာရာ ဘိဝံသထံမှ အနုမောဒနာတရားနှင့် ရေစက်ချတရား နာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် အမျှပေးဝေကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဘုန်းတော်ကြီး ကျောင်း (၁၀၈)ကျောင်း၊ သီလှရှင်ကျောင်း (၂၇)ကျောင်းတို့ အတွက် ဝါဆိုသင်္ကန်း အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆန်၊ ဆီများ အား လှူဒါန်းပေးခဲ့ပြီး လှူဖွယ်ဝတ္တုပစ္စည်များ၏ စုစုပေါင်းတန်ဖိုးငွေမှာ ကျပ်သိန်း (၂၀၀)ဖြစ်ကြောင်း သိရသည်။
ဝဏ္ဏမောင် (တိုင်းဒေသကြီးပြန်/ဆက်)