ပေါက်တော ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ မြိုနယ် ကိုဗစ် ၁၉ရောဂါကာကွယ် တိုက်ဖျက်ရေး အထောက် အကူပြုနှင့် Oxygen Plant ဖြစ်မြောက်ရေး ကော်မတီမှOxygen Plant ဆောက်လုပ် မည့် မြေနေရာဖြစ်သော လောကထိပ်ပန ဘုရားကြီးအောက်တွင် မြေသန့်မင်္ဂလာပြုလုပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီကပြုလုပ်ခဲ့သည်။ အခမ်းအနား တွင်မြို့နယ် သံဃာနာယ က ဥက္ကဋ္ဌမနော်သီရိဆရာတော်နှင့် ဆရာတော် သံဃာတော်အရှင်သူမြတ် (၁၈)ပါးတို့က အန္တရာယ်ကင်း ပရိတ်တရား တော်များကို ရွတ်ဖတ်ခဲ့ကြသည်။
ပေါက်တောမြို့နယ်အတွင်းအရေးပေါ်လူနာ များအတွက်လိုအပ်သောအောက် ဆီဂျင်ကိုအချိန်မီ ပေးနိုင်ရေးနှင့် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေး အတွက်အောက်ဆီဂျင် စက်ရုံ တည်ဆောက် ရန်စီစဉ် ရခြင်းဖြစ်ကြောင်း အောက်ဆီဂျင်ဖြစ်မြောက်ရေး ကော်မတီထံမှသိရသည်။ အဆိုပါ အောက်ဆီဂျင်ဖြစ် မြောက်ရေးကော်မတီကိုအဖွဲ့ဝင်(၂၅)ဦးဖြင့်စတင် ဖွဲ့စည်းခဲ့ကြပြီး၊ ပေါက်တောမြို့နယ် ပြည်သူများနှင့် စေတနာရှင်များ၏ စုစုပေါင်းလှူဒါန်းငွေကျပ်မှာ ဇူလိုင်(၂၄)ရက် နေ့အထိငွေ ကျပ်သိန်းပေါင်း (၇၀၀)ကျော်ရရှိပြီဖြစ် ကြောင်းသိရသည်။
အောက်ဆီဂျင်စက်ရုံ၏အကျယ်အဝန်းမှာ အလျား(၅၅)ပေ၊အနံ(၂၀)ပေ၊ အမြင့်(၁၄)ပေဖြင့် တည်ဆောက်သွား မည်ဖြစ်ပြီး၊ စက်ရုံတည်ဆောက် ပြီးစီးပါကတစ်နေ့ (၄၀) လီတာအိုးအလုံး (၆၀)မှ (၉၀)အထိ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး၊ အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေး အတွက် စက်နှင့် အဆောက်အအုံအပါအဝင်ကုန်ကျ မည့်ငွေကျပ်သိန်းပေါင်း (၁၀၀၀)ကျော် ဖြစ်ကြောင်း ကော်မတီဝင်တစ်ဦးထံမှသိရသည်။
ပေါက်တော(ပြန်/ဆက်)