အုတ်ဖို ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ များကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ(၆၃)ဦး ဆေးရုံဆင်းခွင့် ရရှိခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း သီးသန့်ထားရှိရာနေရာအသီးသီးမှ ကျန်းမာရေးကောင်းမွန်သူ (၆၃)ဦးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များပေးအပ်ကာ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက်ကြာ နေထိုင်ကြရန်နှင့် ကျန်းမားရေးအသိပညာပေး အမှာစကားများ ပြောကြားပေးခဲ့ပြီး လူမှုကူညီရေး အသင်းကားများဖြင့် နေအိမ်များသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ယမန်နေ့ညနေ(၆)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၁၂၉၀) ဦးအနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ (၈၀၄) ဦးထိ ရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အောင်သူ(အုတ်ဖို)