မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေး

 
မော်လမြိုင်ကျွန်း ဇူလိုင် ၂၆
 
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီမှစတင်၍ မြို့နယ် အတွင်းရှိ ဆေးထိုးရန် ကျန်ရှိသော ဝန်ထမ်းများ ၊ ပညာရေးဝန်ထမ်းများနှင့် မိသားစု့ဝင်များ၊ ရပ်ကွက်အတွင်း ရှိ အသက်(၆၅)အထက် ပြည်သူများ အားမြို့နယ် အားကစား ခန်းမသစ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
 
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမှုအစီ အစဉ်တွင် ကျန်းမာရေး ဦးစီးဌာန ၊ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း တို့မှကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို လူစုလူဝေး မဖြစ်စေပဲ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။
 
ပြည်သူများ အနေနှင့် ကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံ ထားခြင်းဖြင့် ရောဂါ ဖြစ်ပွားကူးစက်ခံရမှုနှင့် သေဆုံးမှု လျော့ကျခြင်း၊ ရောဂါဒဏ်ဆိုးရွားစွာ မခံရခြင်း၊ မိမိနှင့်တကွ မိသားစုဝင်များ၊ ရပ်ရွာအလိုက်ကာကွယ် စောင့်ရှောက် ပြီးသားဖြစ်နေသည်ကို ကျန်းမာရေးဦးစီးဌာနမှသိရှိရသည်။
 
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းကိုဝန်ထမ်းနှင့်မိသားစု့ဝင်များ၊ ပြည်သူများမှ ပထမအကြိမ် လာရောက်ထိုးနှံသူများနှင့် ဒုတိယအကြိမ် အဖြစ်လာရောက် ထိုးနှံသူများ အား သတ်မှတ်စည်းကမ်းချက် များနှင့် အညီ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
 
သီတာအောင်(ပြန်/ဆက်)