မကွေး ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင ့်အဖွဲ့ဝင်များသည် ယမန်နေ့ နေ့လယ်ပိုင်းက မကွေးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်နေမှုနှင့် အသွားအလာကန့်သတ်ထားရှိသည့် နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ ခရိုင် ပြန်/ဆက်ဦးစီးမှူးနှင့် ခရိုင်မီးသတ် ဦစီးမှူးတို့သည် မကွေးမြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် Stay at Home စည်းကမ်းချက်များအား ပြည်သူများလိုက်နာစေရေး အသိပေး ဆောင်ရွက် နေမှုများနှင့် ကမ္ဘာကျော် အောက်ဆီဂျင်စက်ရုံ၏ အောက်ဆီဂျင် ထုတ်လုပ်မှုအခြေအနေများနှင့် အောက်ဆီဂျင်ဖြန့်ဝေပေးနေမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ သည်။
ဆက်လက်၍ ခရိုင်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ သည် မကွေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ အသွားအလာကန့်သတ်ထားသည့် နေရာများအား ဆေးဖြန်း ဆောင်ရွက်ထားရှိမှုများနှင့် အသွားအလာ ကန့်သတ်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူလွင်